Tuesday, April 23, 2013

`မန္တလေး နန်းတော်(၂၀၀၉)

ကနေဒါ အနုပညာ။
ဒေးဗစ် ရောဘတ်၏
``မန္တလေး နန်းတော်(၂၀၀၉)``....အမည်ရ ပန်းချီကား။
၁၈၇၀ နှစ်များ....တောင်သမန် ရွှေအင်းက ဆော်ခဲ့သည့် လေညင်းသည် ယနေ့တိုင် တိုက်ခတ်လျက်ရှိကာ ....ကမ္ဘာပေါ်က အကောင်းဆုံး ရှုမျှော်ခင်းများထဲက ထိပ်တန်းမှာရှိနေသည်....ဟု ရှေးမှတ်တမ်းများတွင် ပါရှိခဲ့သည့် ``မန္တလေး``သည်လည်း ကမ္ဘာပေါ်က လူသူအများကို ယနေ့တိုင် ဆွဲဆောာင်နိုင်ဆဲဖြစ်ကြောင်းကို မကြာမီနှစ်များကမှ ရေးဆွဲခဲ့သည့် အနောက်တိုင်းလက်ရာ ဤပုံကားလေးက သက်သေပြနေလေတော့၏။ ကနေဒါအနုပညာသမား ဒေးဗစ်သည်ကားဆိုလျှင် ....စာရေးဆရာနှင့် ပန်းချီဆရာတစ်ဦး၊ စာပေအမျိုးမျိုးအထွေထွေကို သူ ရေးသားနေသကဲ့သို့ ....ပန်းချီမှုတွင်လည်း အက်ဘ်စထရက်၊ ဆာရီယယ်လစ်ဇင်....စသည်ဖြင့် အာရုံပေါ်ရာအတိုင်း ရေးဆွဲတတ်သူတစ်ဦး ဖြစ်လေသည်။ ဤပုံကားတွင် ရှေးဟောင်းအနီရောင်သည် တစ်ကားလုံးကို လွှမ်းမိုးထားသည်မှာ သိသာလှ၍ ...ဟိုစဉ်အတိတ်နှစ်များဆီက ရတနာပူရ၏ အချုပ်အခြာအဏာ ဗဟိုချက်ဖြစ်သည်ကို ပုံရိပ်ဖော်လိုခြင်း ဖြစ်နိုင်မည်၊ ....သို့မဟုတ် ပုံမှန်မြင်တွေ့နေကျ လှပသော နေအနီသည် ဤပုံကားကို သူရေးဆွဲနေသည့် ၂၀၀၉၊ အောက်တိုဘာ၏ တစ်ညနေခင်းတွင် အနီရဲရဲ ဆည်းဆာ ကဲ့သို့ ပိုမိုဖြစ်နေစေလေသလား...၊ ဤအချက်များသည် အဆိုပါဆရာသမား ဒေးဗစ်မှသာ သေချာစွာ ရှင်းပြနိုင်မည်ဖြစ်ရာတွင် ....ကနေဒါအနုပညာတစ်ရပ်အား ပန်းချီမြတ်နိုးသူ သင် မြည်းစမ်းနိုင်ရန်အလို့ငှာ ကျွန်ုပ်တို့ စီစဉ်တင်ဆက်လိုက်ပါကြောင်း။