Monday, June 17, 2013

ဗိတိန် အနုပညာ။ နဲလ် ပါဆင်စ်၏ ``မဒီနှင့် မမီ(၁၉၀၀ နှစ်များ)``....အမည်ရ ပန်းချီကား။

ဗိတိန် အနုပညာ။
နဲလ် ပါဆင်စ်၏
``မဒီနှင့် မမီ(၁၉၀၀ နှစ်များ)``....အမည်ရ ပန်းချီကား။
နဲလ်သည် .....ဤမဒီလေးတို့ရွာတွင် အတော်အတန် စတည်းချ နေခဲ့ပုံရ၍ .....မဒီ၊ သူ၏ မောင်ကလေး စံဖဲ.....၊ ပြီးတော့ ....မဒီတို့မိသားစုအကြောင်းကို ပုံကြမ်းများစွာ ရေးထုတ်ခဲ့ပေသည်။ မဒီကို နဲလ်တစ်ယောက် စတင်တွေ့ဖူးစဉ်က သုံးနှစ်သမီးလေးမျှသာ ရှိသေးပုံ၊ မိခင်က ညစာအတွက် ချက်ပြုတ်ထားသည့် ထမင်းအိုးကို ခွေးလေးတကောင် လာခိုးစား၍ ....သူမက လက်ကလေးမြှောက်ကာ မောင်းထုတ်နေသည့်အကြောင်း.....ယခင်တင်ဆက်မှုတစ်ခုတွင် ကျွန်ုပ်တို့ ဖော်ပြခဲ့လေ၏။ .....မဒီ၏ ဖခင်သည် လှေကြီးတစီးဖြင့် ဆန်တွေ၊ စပါးတွေ အပြည့်တင်ပြီး ရန်ကုန်ရွှေမြို့တော်ကြီးဆီသို့ ကုန်ရောင်းသွားပုံ၊ ......သူမသည် မောင်ကလေး စံဖဲကို ခေါ်၍ မြစ်ဆိပ်သို့ သွားရောက်ကာ ညနေတိုင်း မွေးဖခင်ကြီး၏ လှေကြီး ပြန်အလာကို စောင့်မျှော်နေတတ်ကြပုံ၊ တစ်ညနေ မဒီ၏ ဖခင် ပြန်ရောက်လာသည့်အခါ .....ရန်ကုန်အပြန် မဒီအတွက် လက်ဆောင်အဖြစ် လှပသော ငွေထည်လက်ဝတ်ရတနာလေးပါလာ၍ သူမ သိပ်ကို ပျော်ခဲ့ရပုံ၊ ပြီးတော့ ....ထိုငွေထည်လေးကို ရွာက မိန်းကလေးများ ယိမ်းအကပြိုင်ပွဲတွင် .....မဒီဆင်ယင်သွားခဲ့ပုံ...စသည်ဖြင့် နဲလ်က အသေးစိတ် ရှင်းချက်ထုတ်ခဲ့ပါကြောင်း၊ ဤပုံကားလေးကတော့ ထိုယိမ်းပြိုင်ပွဲအပြီး မြင်တွေ့ရသည့် မဒီနှင့် သူမ၏ ရောင်းရင်းမလေး မမီတို့၏ ပုံရိပ်ကို ရေးခြယ်ထားခြင်းဖြစ်လေရာတွင် ...ဥရောပ ရှေးလက်ရာ ရောင်စုံပုံကားလေးတစ်ချပ်ကို တင်ဆက်ရာဝယ် မိတ်ဆွေများ ကျေနပ်နှစ်သက်ကြမည်...ဟု မျှော်လင့်မိပါကြောင်း။

No comments:

Post a Comment