Thursday, June 20, 2013

`ဆွမ်းခံချိန်(၁၉၀၀ နှစ်များ)

ဗိတိန် အနုပညာ။
နဲလ် ပါဆန်စ်၏
``ဆွမ်းခံချိန်(၁၉၀၀ နှစ်များ)``......အမည်ရ ပန်းချီကား။
မဒီတို့ ရွာကလေးသို့ ရောက်ရှိလာခဲ့သည့် .....နဲလ်သည် ထိုမြစ်ဘေးကျေးရွာနှင့် အနီးအနားက ရေမြေတောတောင်စိမ်းစိမ်း၊ လှပသော လယ်ကွင်းများ၊ စေတီဘုရားလေးများတွင် ကြည်နူးနှစ်ခြိုက်ခဲ့ရုံမျှမက ....ထိုရွာသူလေး မဒီ၊ ပြီးတော့ သူမ၏ မောင်လေး စံဖဲ၊ ရောင်းရင်းလေး ကိုဆစ်တို့ကိုပါ ချစ်ခင်ခဲ့ကာ သူတို့၏ ဆော့ကစားကြ၊ ...ရွာတွင် ကျင်းပသည့် အကပြိုင်ပွဲဝင်ကြ...စသည့် ကလေးတို့၏ လှုပ်ရှားမှုအစုစုကို လေ့လာကာ ပုံကြမ်းတွေအများကြီး ရေးခဲ့၊ ....ပြီးတော့ အခုလို ဆေးရောင်စုံ ပန်းချီများနှင့် တကွ မဒီတို့ရွာကလေးဆိုင်ရာ မှတ်တမ်းများကိုလည်း အေားထုတ်ပါးထုတ် ရေးသားခဲ့ပေသည်။ နဲလ်၏ ပုံကားနှစ်ချပ်ကို ကျွန်ုပ်တို့ များမကြာမီက ကျွန်ပ်တို့ တင်ဆက်ခဲ့ပြီးဖြစ်ရာတွင် ဤအပိုင်း-၃ ပုံကားလေးကတော့ ``ဆွမ်းခံချိန်``...ဟူ၍ အမည်တွင်ခဲ့လေတော့၏။ ငယ်ရွယ်သော ကိုဆစ်လေးသည် မဒီတို့နှင့် ပြေးလွှားဆော့ကစားဘက်ဖြစ်၍ .....သူသည် တစိတ်တပိုင်းအားဖြင့် ရွာဦးဘုန်းတော်ကြီးကျောင်းက မောင်ကျောင်းသားလေးတစ်ဦးလည်းဖြစ်ပေသည်။ မောင်ကျောင်းသားလေးတို့၏ ဘာသာဘာဝ ကျောင်းတော်၏ ဝေယျာဝစ္စရွက်ဆောင်ရမြဲဖြစ်သည့်အတိုင်း ....ဦးပဉ္စင်းနှင့် ကိုရင်လေးများ နံနက်ချိန်ခါ ဆွမ်းခံထွက်လျှင် ဖော်ပြပါအတိုင်း ဤကိုဆစ်တို့သည် ဆွမ်းတော်အုပ်ကိုလည်း ဆိုင်ထမ်းဖြင့် ထမ်းကာ အတူလိုက်ပါကြရပြန်လေသည်။ နဲလ်၏ ချစ်စရာကောင်းသော ပန်းချီလက်ရာများ၏ ထုံးစံအတိုင်း .........ဤပုံကားလေးတွင်လည်း မြတ်နိုးဖွယ်ရာအရောင်လေးများ၊ ထိုစဉ်ကာလ ငြိမ်သက်အေးချမ်းသော မြန်မာ့မူဟန်ဓလေးစရိုက်လေးကိုပါ သရုပ်တင်ထားခဲ့လေရာတွင် ...သင်တစ်ယောက်လည်း ဤပုံကားလေးတွင် တစုံတရာ ကျေနပ်နှစ်သက်မည်...ဟု ကျွန်ုပ်တို့ ယုံကြည်နေမိပေသည်။
— with

No comments:

Post a Comment