Saturday, June 29, 2013

`စေတီတော် ရှုမျှော်ခင်း(၁၈၇၀?)

အနောက်တိုင်း အနုပညာ။
ဘီ- အက်ဖ်၏
``စေတီတော် ရှုမျှော်ခင်း(၁၈၇၀?)``.....အမည်ရ ပန်းချီကား။
ကျွန်ုပ်တို့၏ ဖိုင်လ်များထဲမှ အခုပေါ်ထွက်လာသည့် ပုံကားလေးတစ်ချပ်မှာ ဟို....နှစ်များစွာတုန်းက၊ ...ရာစုနှစ်များဆီက နံနက်ခင်းလေးတစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ထို့ထက်ပို၍ ဆိုလျှင် သာယာသော နံနက်ခင်း၏ ရှုခင်းလေးတစ်ခု၊ ......နှစ်များကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် လန်းဆတ်နေတုန်းပဲ....ဟု ခံစားလာရကာ စေတီတော်သို့ သွားရာ မြေနီလမ်းလေးထဲမှာ ကိုယ်တိုင်ရောက်ရှိသွားသလို ထင်မှတ်မှားရလေတော့သည်။ ကျယ်ဝန်း၍ လှပသော အပြာရောင် မိုးကောင်းကင်နှင့် တိမ်ဖြူပါးပါးလေးများ၏ နေ့တစ်နေ့၊ ရွှေစေတီသည် တည်ငြိမ်မှု၊ ခန့်ထည်မှု....အစုစုဖြင့် ကြည်ညိုဖွယ်ရာ......အဝေးမှာ၊ ......အရွက်စိပ်သော သစ်ပင်အုပ်များကြားမှ ဒဏ္ဍာရီလာ ခြင်္သေ့ညီနောင်နှင့် မဟာရံတံတိုင်းအဝင်ဝ၊ ....ထို့နောက် စင်္ကြန်ကြွလှမ်းသည့် ဘုန်းတော်ကြီးနှင့် ထီးတော်မိုး မောင်ကျောင်းသား၊ အိမ်တော်ရာထီးလေးတွေနှင့် လှပသော မိန်းကလေးတွေက ပဋိသန္တာရ နှုတ်ခွန်းဆက်စကားတွေ အချင်းချင်းပြောကြကာ လမ်းဘေးဈေးသည် ကြီးတော်ကမူ ဝယ်သူကို မျှော်နေပုံရပါကြောင်း၊ ဘာတွေများ သူမ ရောင်းချနေပါသနည်း။ .......မုန့်ဗိုင်းတောင့်၊ မုန့်လုံးကြီးကြော်၊ ဗူးသီးကြော်...ဘာညာဖြစ်ချင် ဖြစ်ပေမည်.....မြန်မာ့ မနက်ခင်းစားစရာများ....အစရှိသဖြင့် ကျွန်ုပ်တို့သည် စိတ်အစဉ်တန်းမိပြီးသည့်ကာလ ဤအကြောင်းကို ရေးဖွဲ့ပါက ပြီးနိုင်ဖွယ်ရာမရှိသော ......ဥရောပလက်ရာ ရှေးပုံကားတစ်ချပ်ကို မိတ်ဆွေများအတွက် ကျွန်ုပ်တို့ စီစဉ်တင်ဆက်လိုက်ပါကြောင်း။

No comments:

Post a Comment